Pages

Pages

ကံမမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး



MNP - ဩဂုတ်   ၂၂


မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍  စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပင်စင်လာရောက် ထုတ်ယူသူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေး ကြေညာထားရှိပြီး ကံမမြို့နယ်တွင် မြို့ပြ ပင်စင် ၆၄၇ ဦး၊ ကာကွယ်ရေး ပင်စင် ၁၃၉  ဦး၊    နိုင်ငံရေးပင်စင် ၉၆ ဦး နှင့် မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား ၈ ဦး၊ စုစုပေါင်း ပင်စင်စား ၈၉၀ ဦး ရှိကြောင်း ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။


သတင်း - ကျော်ဇေယျဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment