Pages

Pages

မောင်တောမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်





MNP ၊ ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြို့နယ် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန နှင့်  အားကစား နှင့် ကာယပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့  နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းအုပ်ဆရာကြီး ဦးစစ် အောင်က  အသိပညာပေးဟောပြောပွဲပြုလုပ်ပေးရခြင်းနှင့်ပတ်သတ်၍ ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှ   မြို့နယ်ကျန်းမာရေးမှူး ဦးမောင်အေးသာ က  ကျောင်းသား/သူများ အနေဖြင့် ကျန်းမာရေး  အသိပညာဗဟုသုတများ ၊ ကျန်းမာစွာနေထိုင်နည်း များ ၊ အစာအာဟာရအုပ်စုများ ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ၊ လက်ဆေးနည်း ၊ သွား နှင့် ခံတွင်း ကျန်းမာရေး ဆိုင်ရ အသိပညာပေးခြင်း ၊မိုးတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်း စသည့်တို့ကို အသိပညာပေးဟောပြောပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဆွေလှိုင်ငြိမ်းက အားကစားပညာ ရပ်များ ဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ ၊ဘော်လီဘော ကစားခြင်း ဆိုင်ရာ နည်း စနစ်များ၊ ပြေးခုန် ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်း နည်း စနစ် များ၊ စားပွဲတင်တင်းနစ် ကစားနည်း စနစ် များအား အသိပညာပေး ဟောပြောကြားခဲ့ပြီး  တာဝန်ရှိသူများက Physical Fitness Dances အက လှုပ်ရှားမှု များဖြင့် လူငယ်များ  ကျန်းမာကြံ့ခိုင်ပြီး ၊ အားကစား လိုက်စားလိုစိတ်ရှိစေရန် ရည်ရွယ်၍ သရုပ်ဖေါ်ကပြခဲ့ ကြကာ အား ကစား ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှ   မြို့နယ်ကျန်း မာ ရေးမှူး ဦးမောင်အေးသာ၊  အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်‌ဆွေ လှိုင်ငြိမ်း နှင့် ဝန်ထမ်း များ ၊ နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင်နှင့် ဆရာ၊ဆရာမများ၊ကျောင်းသား/ သူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment