Pages

Pages

ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဩဂုတ်   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ယမန်နေ့နေ့လယ် ၁ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဦးဝင်းဇော်ဦးက တစ်ဦးချင်းမိတ်ဆက်ပြောကြားကာ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ကျောက်ပန်းတောင်းမြို့ပေါ် ရပ်ကွက်အလိုက် အိမ်ထောင်စုများသို့ စားသုံးဆီများ  တစ်ပိသာ ၄၂၀၀ ကျပ်ဖြင့် ရပ်ကွက်များသို့ လှည့်လည်ရောင်းချနေမှုများကို ဆွေးနွေးတင်ပြသည်။ ပြီးနောက် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက စားသုံးဆီရောင်းချရာတွင် အလေးချိန်/အချိန် အတွယ်ပြည့်မှီစေရေး၊ စားသုံးဆီများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment