Pages

Pages

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်း နှင့် ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်


MNP ၊ သြဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်း လင်းခြင်းနှင့် ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့် ရှင်းလင်းမှာကြားပြီး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းအဆင့် ဌာနဆိုင်ရာများအား လမ်းညွှန်မှာကြားချက်များအပေါ် တိကျစွာလိုက်နာကာ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာကျင့်ကြံ နေထိုင်လုပ်ကိုင်ရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်ရေး၊ လုံခြုံရေးအသိသတိတို့ဖြင့် တာဝန် ထမ်းဆောင်ရေး၊ ယခင် ၆ လတာ လုပ်ငန်းဆောင်ရွက်မှု များအပေါ် ပြန်လည်သုံးသပ်ကာလာမည့် ၆ လအား အားနည်းချက်မရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မိမိတို့တိုင်းဒေသကြီးမှာ စိုက်ပျိုးရေး အခြေခံ သည့် တိုင်းဒေသကြီးဖြစ်ပါ၍ စိုက်ပျိုးရမည့်သီးနှံများ လျာထားစိုက်ဧကများအား ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးရေး၊ မြို့ရွာများ သန့်ရှင်းသပ်ရပ်မှုရှိရေးနှင့် ဘက်ဂျက် ကာလအတွင်း အကောင် အထည်ဖော်ရမည့် လုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၆ လတာကာလအတွင်း လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် မိမိတို့ ခရိုင်များအလိုက် ၆ လတာကာလအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ ဆွေးနွေးတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအား သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို လက်တွဲညီညီကြိုးပမ်း ဆောင်ရွက်ရေး၊ ပိုမိုကောင်း မွန်သည့် တိုင်းဒေသကြီးနှင့် လူမူစီးပွားဘဝတွေကို တည်ဆောက်ပေးကြရန် တိုက်တွန်းမှာ ကြားကာ  နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment