Pages

Pages

ကျိုက်မရောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းပြ အသစ်ခန့် ဆရာ၊ ဆရာမများအား ခန့်အပ်လွှာပေးအပ်ပွဲ ပြုလုပ်

 


MNP - သြဂုတ်   ၂၅


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ လက်ထောက် မူလတန်းပြဆရာ၊ ဆရာမများအား  တာဝန်ခန့်အပ်လွှာပေးအပ်ပွဲနှင့်  ဝန်ထမ်းအသစ်များအား တွေ့ဆုံမှာကြား ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀  နာရီက ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမရှိ (ပညာအားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး  ဒေါ်စုစုဌေးက အမှာစကားပြောကြားရာတွင် ယခုအသစ် ခန့်အပ်လိုက်သော ဆရာ၊ ဆရာမများအား လုပ်ငန်း တာဝန်များကို မိမိတို့လက်ဝယ် အရောက် ပေးအပ်ထားပြီးဖြစ်ရာ  အသစ်ခန့်အပ်ခြင်းခံရသော ဆရာ၊  ဆရာမများအားလုံးက မိမိတို့၏ အော်ဒါတွင်ပါရှိသည့် ကျေးရွာရှိ ကျောင်းအုပ်ကြီးများထံတွင် အလုပ် စတင်ဝင်ရောက်ကြောင်း Duty report  တင်ကြရန်၊ မိမိတာဝန်ကျရာ မည်သည့်ကျေးရွာမဆို အသိ၊ သတိဖြင့် သွားရောက်တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းဖြစ်ပြီးဆိုပါက ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန်၊ အခက်အခဲရှိပါကာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများမှတစ်ဆင့် မြို့နယ်ပညာရေးမှူးထံ ဆက်သွယ် အကူညီ တောင်းခံကြရန်နှင့်  မိမိတို့တာဝန်ကျသည့်ကျောင်း၏ ကျောင်းအုပ်များ၏  ပြောစကားများကို အလေးထား၍ လိုက်နာဆောင်ရွက်သွားကြရန် မှားကြားခဲ့သည်။ ဆက်လက်၍  အသစ်ခန့်  လက်ထောက်မူလတန်းပြ (၁၂၉)ဦး၊  တိုင်းရင်းသားဘာသာ သင် ဆရာမ(၅)ဦး၊ လက်ထောက်လယ်ပြ(၆)ဦး၊ စုစုပေါင်းအသစ်ခန့် ဆရာ၊ ဆရာမ (၁၄၀)ဦးတို့အား  ဝန်ထမ်းခန့်အပ်လွှာများကို ပေးအပ်ကာ ဆုံးမသြဝါဒစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment