Pages

Pages

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလှူုဒါန်းသည့် အလှူငွေနှင့် ဆွမ်းဆန်တော်များ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆက်ကပ်လှူဒါန်း







MNP ၊ ဩဂုတ် ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူုဒါန်းသည့် အလှူငွေနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က သံတွဲမြို့နယ်၊ ငပလီမြို့ ပုလဲရတနာပရိယတ္တိ စာသင်တိုက်တွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်ပေးခဲ့ကြသည်။ထို့နောက် ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္နာစာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ရခိုင်ပြည်နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကာ မေတ္တာသုတ် ပရိတ် တရားတော်များနာယူတော်မူကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူုဒါန်းသည့် အလှူငွေ ကျပ်သိန်း(၅၀) နှင့် ဆွမ်းဆန်တော်အိတ်(၁၀၀)တို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်တို့ကပုလဲရတနာဘုန်းတော်ကြီးသင်  ပညာရေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္နာစာရ ထံသို့ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါ  ပုလဲရတနာပရိယတ္တိ စာသင်တိုက်ကို (၁၉၈၈)ခုနှစ်က သာမဏေတစ်ပါးဖြင့်ကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၃၀)ကျော်ကာလတွင် မူတန်းမှ ဓမ္မာစရိယတန်းအထိ ရာပေါင်းများစွာသော စာသင်သားများကိုမွေးထုတ်ပေးကာ သာသနာတော်၌ဓမ္မာစရိယတန်းအောင် ကျောင်းထိုင်စာချ သာသနာပြု တပည့်ပေါင်း (၃၀)ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။    ထို့အပြင် ၂၀၁၂ ခုနှစ်တွင် အခြေခံပညာ မသင်ကြား နိုင်သောကလေးသူငယ်များအား အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် ပုလဲရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စတင်တည်ထောင် ပညာသင်ကြားပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူပေါင်း တစ်ရာကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ရခိုင်ပြည်နယ်တစ်ခုလုံးမှကျောင်းအိပ်ကျောင်းစားနေထိုင်သည့် ကျောင်းသား/သူ (၁၀၁၁)ဦး၊ သံတွဲဒေသမှ လာရောက် ပညာသင်ကြားသူ( ၆၃၀)ဦး စုစုပေါင်း (၁၆၄၁)တို့အား အခမဲ့ကျွေးမွေး ပညာသင်ကြား ပေးလျက်ရှိကြောင်းဆရာတော် ထံမှ သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment