Pages

Pages

ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

 


MNP - သြဂုတ်   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ မြေနဲကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။


ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှုး၍ မြေနဲကြီးကျေးရွာအုပ်စုတွင် တောင်သူအသိပညာပေးဆွေးနွေးပေးခဲ့သည်။ အဆိုပါ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူအသိပညာပေးဆွေနွေးပွဲကို ညောင်ဦးခရိုင် မြေပဲမျိုးတာဝန်ခံအသီးသီးမှ မြေပဲသီးနှံမျိုးစေ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ဓာတုမြေသြဇာနှင့် သဘာဝမြေသြဇာထည့်သွန်းချိန်များ၊ သဘာဝပိုးသတ်ဆေးနှင့် ငါးအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်း အသေးစိတ်များကို ဆွေးနွေးပေးခဲ့ပြီး တောင်သူများသိရှိလိုသည်များကိုလည်း တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို မြေနဲကြီးကျေးရွာ၊ အိုရင်ကျေးရွာနှင့် ကူတောကျေးရွာတို့မှ တောင်သူ(၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment