ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံမှနေ့စဉ်ဝင်ငွေရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံမှနေ့စဉ်ဝင်ငွေရရှိ

 



MNP - ဩဂုတ်    ၉


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများစိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် ယခင်ကအနည်းငယ်သာ စိုက်ပျိုးသော်လည်း ယခုအခါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ် တွင်ကျယ်စွာစိုက်ပျိုးလာကြသည်။ စိုက်ပျိုးရေးနည်းပညာ အားကောင်းလာသည်အတွက် အထွက်နှုန်းနှင့်သီးနှုန်းအားကောင်းသည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများအဓိက စိုက်ပျိုးရောင်းချသည့် ဟင်းသီးဟင်းရွက်သီးနှံပင်များမှာ ပဲရှည်သီး၊ ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဟင်းသီးတို့အပြင် ဖူးစားပြောင်းများကိုလည်း မြေအောက်ရေနှင့်ဆည်ရေသောက်တို့အသုံးပြု၍ စိုက်ပျိုးကြသည်။


ကျေးရွာစိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများမှ (နွေ၊မိုး၊ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရန် အဝီဇိတွင်းများတူးဖော်၍ ဟင်းသီးဟင်းရွက်နှင့်သီးနှံပင်များကို ရာသီမရွေးစိုက်ပျိုးပြီး နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)