Pages

Pages

မလှိုင်မြို့နယ်၌ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥဒေအကြောင်း အသိပညာပေးဟောပြော



MNP - သြဂုတ်   ၁၉


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေးခန်းမ၌  ယမန်နေ့နံနက် ၁၀ နာရီခွဲက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေအကြောင်း  အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မဖြစ်မနေသိရှိနားလည်ထားရမည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် မလှိုင်မြို့နယ် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ရဲထွန်းက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃(က)၊ (ခ)၊ (ဂ) ပါ အကြောင်းအရာများနှင့်ပတ်သက်၍ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်သက်ဆိုင်သော ပုဒ်မ(၅)၊ ပုဒ်မ(၆)၊ ပုဒ်မ(၇)၊ ပုဒ်မ(၉)၊ ပုဒ်မ(၁၁) စသည့် ပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် တက်ရောက်လာသော ဝန်ထမ်းများက သိရှိလိုသည့် ဥပဒေအကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ ဒုတိယမြို့နယ်ဥပဒေအရာရှိက ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။


အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၆)အုပ်စုမှ စာရေးဝန်ထမ်းများ စုစုပေါင်း(၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment