စဉ့်ကူးမြို့နယ်တွင် အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် -၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ် -၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး




MNP ၊ သြဂုတ်  ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှု ကာလ (၆) လနှင့်အထက်ရှိသော အသက်(၁၈) နှစ်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်စည်ပင်သာယာခန်းမတွင်ယမန်နေ့နံနက် (၁၀) နာရီမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကြသည်။


စဉ့်ကူးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးသည့်ကာလ  (၆) လနှင့် အထက်ရှိသည့် အသက် (၁၈)နှစ်အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၁၃၃၆)ဦးအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို သြဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)