Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ





MNP ၊ ဩဂုတ်  ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ သံတွဲခရိုင်ရုံး၏စီစဉ်မှုဖြင့် ကျောင်းသား၊ကျောင်းသူများ ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲကိုယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး  ဒေါ်စန္ဒာကြည်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လူအများရှေ့တွင်စကားပြောရာ၌ရဲရင်မှုရှိစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းမှုရှိပြီး၊  အသိပညာဗဟုသုတများတိုးပွားကာ နိုင်ငံ့တာဝန်ကိုထမ်းဆောင်မည့် နိုင်ငံ့သားကောင်းမျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ပေါက်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သံတွဲ့မြို့  အမက(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက အလှည့်ကျပုံပြင်ပြောခြင်း၊ ပုံတူဆက်ဂိမ်းကစားခြင်းနှင့် စကားပုံဆက်ခြင်းများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၅ )ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်များအားဗလာစာအုပ်နှင့် မုန့်များကို ချီးမြှင့်ပေးခဲ့ကြသည်။

သံတွဲ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်း သူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံး ချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                                                                                                                           

စန္ဒာကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment