Pages

Pages

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre)တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ




MNP - ဩဂုတ်   ၂၇

  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံး၏ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူ များ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကိုယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထု အခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင် ဦးစီးမှူး  ဒေါ်စန္ဒာကြည်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ လူအများရှေ့တွင် စကားပြောရာ၌ ရဲရင့်မှုရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းမှုရှိပြီး၊  အသိပညာဗဟုသုတများတိုးပွားကာ နိုင်ငံ့တာဝန်ကို ထမ်းဆောင်မည့် နိုင်ငံ့သားကောင်းမျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ပေါက်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် သံတွဲ့မြို့  အမက(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက အလှည့်ကျပုံပြင်ပြောခြင်း၊ ပုံတူဆက်ဂိမ်းကစားခြင်းနှင့် စကားပုံဆက်ခြင်းများ ကို ကျင်းပရာ ကျောင်းသား၊ကျောင်းသူ (၁၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်များအားဗလာစာအုပ်နှင့် မုန့်များကို ချီးမြှင့်ပေးခဲ့ကြသည်။


သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်း သူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ် ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စန္ဒာကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment