Pages

Pages

International Army Games-2022 ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Army of Culture ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့က ပထမဆု ၃ ဆု၊ ဒုတိယဆု ၁ ဆုနှင့် တတိယဆု ၄ ဆု ဆွတ်ခူးရရှိ






MNP ၊ ဩဂုတ် ၂၅

မြန်မာ့တပ်မတော်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲအပြင် ဆက်စပ်ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့ များက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့တပ်မတော်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ဩဂုတ် ၁၅ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့ဆိုင်းဝိုင်းတီးခတ်မှုပြိုင်ပွဲတွင် ပထမဆု၊ စုံတွဲအဆိုပြိုင်ပွဲ(ရုရှားသီချင်း) ပထမဆု၊ အကပြိုင်ပွဲ (ခေတ် ၄ ခေတ်) အကတွင် တတိယဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ပြသမှုတွင် တတိယဆု၊ Folk National Instrument တတိယဆု၊ ရိုးရာယဉ်ကျေးမှုပြခန်း တတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိတ်သတ်များ၏ မဲပေးရွေးခြယ်မှု (People’s Choice Award) တွင်လည်း ပထမဆုကိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။


မြန်မာ့တပ်မတော် ကိုယ်စားပြုရိုးရာယဉ်ကျေးမှုအဖွဲ့များအနေဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲကို ၂၀၁၈ ခုနှစ်ကတည်းကပင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအကအကောင်းဆုံးဆု၊ စုံတွဲအတီးအကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆုများကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အက တတိယအကောင်းဆုံးဆု၊ ရုရှားသီချင်းသီဆိုဖျော်ဖြေမှု အကောင်းဆုံးဆုကိုလည်းကောင်း၊ ၂၀၂၁တွင် ရုရှားသီချင်းဖြင့် တစ်ဦးချင်းဖျော်ဖြေတင်ဆက်မှု တွင် တတိယဆု၊ အကောင်းဆုံး ရိုးရာဝတ်စုံဖြင့် တင်ဆက်ပြသမှုတွင် ပထမဆုနှင့် People’s Choice Award တွင် ဒုတိယဆုများကိုလည်းကောင်း အသီးသီးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။


မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များအနေဖြင့် Army of Culture ပြိုင်ပွဲတွင် မြန်မာ့ရိုးရာတူရိယာပစ္စည်းများ၊ သီချင်းများ၊ အက၊ အလှများဖြင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှု အက၊ အလှတို့ကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment