Pages

Pages

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ




MNP ၊ ဩဂုတ် ၃၀

စပိန်နိုင်ငံအခြေစိုက် Lumbini Garden Foundation ၏ဥက္ကဋ္ဌ Mr. Jose Maunel Vilanova Aleman ဦးဆောင်သောအဖွဲ့သည် ဗုဒ္ဓဘာသာအခြေခံသော အာရှ- ဥရောပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စပိန်နိုင်ငံတွင်ဆောင်ရွက်မည့် The Great Maha Karuna စီမံကိန်းနှင့်စပ်လျဉ်းပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် Lumbini Garden Foundation ၏ဥက္ကဋ္ဌဖြစ်သူ Mr. Jose Maunel Vilanova Aleman က စီမံကိန်းတွင် စပိန်နိုင်ငံ၊ Caceres မြို့၌ အမြင့် ၄၇ မီတာရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် နီပေါ၊ သီရိလင်္ကာ၊ မြန်မာ၊ ဘူတန်၊ ထိုင်းစသည့် ဗုဒ္ဓဘာသာနိုင်ငံများရှိ အထင်ကရစေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများနှင့် အသုံးအဆောင်များကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသည် အရေးပါသောအခန်းကဏ္ဍကပါဝင်နေသည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခြင်းဖြင့် တိုင်းပြည်၏အခြေအနေများကို သိမြင်ခွင့်ရရှိမည်ဖြစ်ရာ ယခုခရီးစဉ်၏ အတွေ့အကြုံကောင်းများအား စပိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ တစ်ဆင့်စကား တစ်ဆင့်နားဆိုသည့် ခရီးသွားမြှင့်တင်ရေးဆောင်ပုဒ်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာပြန့်ပွားရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေးခိုင်မြဲတိုးတက်ရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment