Pages

Pages

ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် တောင်သူများအား မက္ကာ‌ဒေးမီးယား (Macadamia)ပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဩဂုတ်   ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်  ယမန်နေ့နံနက် ၁၁ နာရီက  မဲခေါင် - လန်ချန်း စီမံကိန်းရန်ပုံငွေဖြင့် မက္ကာဒေးမီးယား ပျိုးပင်များပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စိုက်ပျိုး‌ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး(တောင်ကြီး)မှ  ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက နှစ်ရှည်သီးနှံပင် မက္ကာဒေးမီးယားသီးနှံကို စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုကို ထိန်းသိမ်းပေးနိုင်ရုံသာမက တောင်သူများ၏ဝင်ငွေများ တိုးတက်လာစေနိုင်ကြောင်း၊ ထို့ကြောင့်တောင်သူများ မက္ကာဒေးမီးယားကို  တန်ဖိုးထားစိုက်ပျိုးစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်လာသောတောင်သူများအား မက္ကာဒေးမီးယားပျိုးပင်များ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူဦးမောင်မောင်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ကျောက်မဲမြို့နယ်တွင် မက္ကာဒေးမီးယား စိုက်ဧက (၃၅၂) ဧက ရှိပြီးဖြစ်ကြောင်း၊ ထပ်မံ၍မက္ကာဒေးမီးယား စိုက်ဧက ၈၀  တိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် တစ်ဧကလျှင် (၆၀) ပင်နှုန်းဖြင့်ဧက (၈၀) အတွက်ကျေးရွာအုပ်စု (၈) အုပ်စု၊ ကျေးရွာ (၁၃) ရွာမှ တောင်သူ (၂၆) ဦးတို့အား ပျိုးပင်ပေါင်း (၇၈၀၀) ပင်ကို  ထပ်မံဖြန့်ဝေပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment