Pages

Pages

Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေး





MNP - ဩဂုတ်လ   ၂၅


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ် သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား (၂၀၁၄၂၀၁၅)ခုဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊


 မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကဒါကျေးရွာအုပ်စု၊ နွတ်လီကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် ကျေးရွာသူ/သား(၄၅)ဦးထံသို့ နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ်သန်း(၃၀)အား  Shwe Bank ဖြင့် ပူးပေါင်း၍ MoMoney Agent များမှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊ ကျိုက်မရောမြို့နယ် မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးနှင့် ဝန်ထမ်းများမှ အဆိုပါ ချေးငွေထုတ်ချေးပေးနေမှုအား ဩဂုတ်လ၂၃ရက် နံနက်ပိုင်းက ချေးငွေများ အောင် မြင် စွာထုတ်ချေးနိုင်ရေးအတွက် ကွင်းဆင်း ကြီးကြပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင် စီမံကိန်းချေးငွေများအား ထုတ်ချေး ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်၊ ငွေကြေးမသမာမှုများကြောင့် ဆုံးရှုံးနိုင်မှု လျော့နည်းစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများအား လျော့ချနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ဦးစီးမှူးဒေါ်ခင်နွယ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment