Pages

Pages

ကာလိမြို့ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်



MNP - ဩဂုတ်   ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါဆောင်ရွက်မှုတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဝန်ထမ်းများကို ဦးဆောင်ပြီး ကာလိမြို့ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များ လာရောက်ငှားရမ်းခြင်း အခက်အခဲဖြစ်သည့် စာဖတ်ပရိတ်သတ်၊ စာဖတ်ဝါသနာရှင်တို့ကို သုတ၊ ရသစာအုပ်များတို့ကို တစ်ပတ်လျင်တစ်ကြိမ် Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment