MNP ၊ သြဂုတ် ၉
ယမန်နေ့က ကောလင်း၊ ဝန်သို၊ ဒီပဲယင်းမြို့နယ်များတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသာ လုံခြုံရေးပူးပေါင်းအဖွဲများသည် ကောလင်းမြိုနယ်၊ ကိုးတောင်ဘိုကျေးရွာအနီးတွင် PDFအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများထံမှ လက်လုပ်မိုင်း ၁ လုံး၊ လမ်းလျှောက်စကား ပြောစက် ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးတိုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသာ လုံခြုံရေးပူးပေါင်းအဖွဲများသည် ဝန်းသိုမြိုနယ်၊ နမ့်ခမ်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများထံမှ အကြမ်းဖက်သမား ၂ ဦး၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်ဗုံးသီး ၃၂ လုံး၊ အမ်-၂၂ ကျည် ၁၇ တောင့်၊ လမ်းလျှောက်စကားပြောစက် ၂ လုံးတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေကြီး ဒီပဲယင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများသည် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များထံမှ အကြမ်းဖက်သမား ၁ဦး၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ လက်လုပ်ကျည်အိမ် ၂ ခုတိုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment