ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်



MNP - ဩဂုတ်   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက စနစ်တကျ‌ ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise ကို ပြုလုပ်ခဲ့သည်။


ထို့နောက် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်းကို ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ ကျေးရွာ အုပ်စု၌ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ရွာပြည်သူလူထုများ စုစုပေါင်း (၁၀၀) ဦးခန့်ဖြင့် မုန်တိုင်းဘေးဇာတ်တိုက် လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)