Pages

Pages

မြို့သစ်တွင် "မျောက်ကျောက်ရောဂါ သတိပြု ကာကွယ်ပါ" အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

 



MNP - ဩဂုတ်   ၁၁


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Center) ခန်းမတွင် ယမန်နေ့ နေ့လည်(၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်စာပေချစ်မြတ်နှိုးသူများ (Book Club)အဖွဲ့မှ ဆရာကြီး ဦးကံရင်နှင့် ဆရာဦးမြင့်ကြည်တို့က မျောက်ကျောက် ရောဂါအကြောင်းနှင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ တိရစ္ဆာန်မှတဆင့် လူကိုမကူးစက်နိုင်ရန် လျှော့ချ သင့်သော နည်းလမ်းများ၊ လူအချင်းချင်း ကူးစက်နိုင်ချေလျှော့ချရန် နည်းလမ်းများ၊ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်မည့် နည်းလမ်းများ၊ မျောက်ကျောက် ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲ (Talk Show)ကို ပြည်သူ များ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ သိသင့်သည့် အချက်များအား သိရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment