Pages

Pages

မြဝတီခရိုင်ရုံးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ




MNP - ဩဂုတ်  ၂၈


ပြည်သူလူထုအတွင်း နေ့စဉ်စားသုံးနေသည့်  အစားအစာများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်း အမှတ်အသားတံဆိပ်နှင့်စပ်လျဉ်း၍ အသိပညာများ  ရရှိစေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍   ယမန်နေ့နံနက် ၁၀နာရီက   လူထုအခြေပြုဗဟိုဌာန  (Community   Centre) ခန်းမတွင် ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင်   မြဝတီခရိုင်ရုံးမှ  ဦးစီးအရာရှိ  ဒေါ်ဇာဖြူဝင်းက  ဆွေးနွေးပွဲ (Talk  Show)  ကျင်းပရခြင်းရည်ရွယ်ချက်ကို   ရှင်းလင်းပေးပြီး    ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကိုက  ကုန်အညွှန်းအမှတ်အသားဆိုင်ရာ   ဖော်ပြချက်များ၊   ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ပစ္စည်းထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊   ကုန်စည်တွင်ပါဝင်သော  ကုန်ကြမ်းပစ္စည်း  အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်)ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့်   ကြိုတင်သတိပေးချက်  စသည့်သိကောင်းစရာတို့ကို   အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment