Pages

Pages

ဘားအံမြို့၌ ရာသီဥတုပြောင်းလဲမှုကြောင့် လူနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်




MNP - ဩဂုတ်   ၂၈


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရာသီဥတုပြောင်းလဲမှုကြောင့် လူနှင့်ပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်မှုအကြောင်း သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်သိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်းလွဲ  (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်မိကြည်နန္ဒာသိန်းက ရာသီဥတုပြောင်းလဲမှုအကြောင့် လူနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက် ရောက်မှုများ၊ လူနေမှုပုံစံနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်မှုရှိခြင်းများ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်မည့် လူနေမှုပုံစံများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေးကဏ္ဍအစီအစဉ်တွင် ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ Online စနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment