Pages

Pages

ဒီရေတောဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်



MNP - သြဂုတ်   ၂၄


ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး  ဒီရေတောဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး  အသိပညာပေး Talk Show ကို ပုသိမ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၁:၃၀) အချိန်က ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ ဒေါ်စောဇာခြည်က ဒီရေတော၏သွင်ပြင် လက္ခဏာများ၊ ဒီရေတောပေါက်ရောက်မှု အခြေအနေများ၊ ဒီရေတောအမျိုးအစားများနှင့် ဒီရေတောဖုံးလွှမ်းမှု အခြေအနေများ၊ ဒီရေတောများ ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ဒီရေတောများကို ပျက်စီးစေနိုင်သည့် အကြောင်းရင်းများ၊ ဒီရေတောများ ပျက်စီးပါက ပတ်ဝန်းကျင်အပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများ၊ ဒီရေတော ထိန်းသိမ်းကာကွယ်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment