Pages

Pages

ပြင်ဦးလွင်မြို့တွင် ရေရှည်တည်တံ့သောကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ပညာပေးသင်တန်း ( TOT ) ဖွင့်ပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကျင်းပ

 



MNP - ဩဂုတ်  ၂၃


မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်း(TOT) ဖွင့်ပွဲနှင့်လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး  (၁၈ ) ရှိမြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ  တာဝန် ရှိသူများ ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ကြသည်။


ရှေးဦးစွာ  စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊  ဦးဇော်ထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံကော်ဖီအသင်းနာယက  ဦးရဲမြင့်မှ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်း (TOT)ဖွင့်ပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်းအား  ရှင်းလင်းပြောကြားခဲ့၍ တာဝန်ရှိသူများမှ  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ  စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးများထံသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဆက်လက်ပြီး ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုပညာပေးသင်တန်း (TOT) သင်တန်းကို(၂၂-၈-၂၀၂၂)  ရက်နေ့မှ (၂၄-၈ -၂၀၂၂) ရက်နေ့အထိသင်တန်းကာလ (၃) ရက်ဖြင့် 


နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိသင်တန်းနည်းပြဆရာများမှ ကော်ဖီတိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပို့ချချက်များ၊ ကော်ဖီဧက တိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ မြေလွတ်/မြေလပ်/မြေရိုင်းလုပ်ပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာသိကောင်းစရာများ၊ ကော်ဖီပျိုးထောင်ခြင်း၊ ပျိုးခြံစီမံခန့်ခွဲခြင်း၊ ကော်ဖီစိုက်ခင်းတည်ထောင်ခြင်း၊ စိုက်ခင်းပြုစုထိန်းသိမ်းခြင်း၊ ကော်ဖီခြံများတွင် ကောင်းမွန်စနစ်ကျသောစီမံခန့်ခွဲခြင်း၊ ကောင်းမွန်သောစီမံခန့်ခွဲမှုအလေ့အကျင့်များ၊ ကော်ဖီကြိတ်ခွဲခြင်း/သိုလှောင်ခြင်း၊  မြန်မာကော်ဖီအား ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ခြင်း၊ မြန်မာ့ကော်ဖီတိုးချဲ့ရေးလုပ်ငန်းအတွေ့အကြုံများ၊ ကော်ဖီခြံများလေ့လာရေးနှင့် ကော်ဖီဆံအဆင့်အတန်းနှင့် သောက်သုံးမှုအရည်အသွေး  အကဲဖြတ်ခြင်းစသည့်တို့ကို  စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချလျက်ရှိရာ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မကွေးတိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိစိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  (၂၂) ဦးတက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment