Pages

Pages

Yesagyo Information စာမျက်နှာမှ ထောင်တွင်းသပိတ်နဲ့ ထောင်ဝန်ထမ်းများလုပ်ရပ် ဟု ခေါင်းစဉ်တပ်၍ လုပ်ကြံဖန်တီး ရေးသားဖော်ပြ


Yesagyo Information  စာမျက်နှာမှ ထောင်တွင်းသပိတ်နဲ့ ထောင်ဝန်ထမ်းများလုပ်ရပ် ဟု ခေါင်းစဉ်တပ်၍ လုပ်ကြံဖန်တီး ရေးသားဖော်ပြထားပါတယ်။

ကြိုးမိန့်ပေးကာ ပထမဆုံးစီရင်ပြီးနောက် မြန်မာပြည်မှအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူများမှ ထောင်သပိတ်ဆင်နွဲလျက်ရှိပြီး ထောင်ထမင်းမယူကြတော့သလို ထောင်တွင်း ဈေးဘားများမှလည်း ဝယ်မစားတော့ကြောင်း၊ အထက်ပါ ဆန္ဒပြမှုတွေကြောင့်နှင့် ဈေးဘားမှ ဝယ်မစားကြတော့သည့်အခါ ထောင်ဝန်ထမ်းများမှာ အဆူခံရခြင်း ဝင်ငွေထိခိုက်နစ်နာလာရပြီး အကျဉ်းသားများကို အငြိုးထားကာ ထမင်းအသိုးများသာပေးသလို ခေါက်ဆွဲပြုတ်စားမရစေရန်ရေနွေးအအေးများသာ ပေးနေကြောင်း Yesagyo Information သည် အကျဉ်းထောင်တချို့မှ ဖိနှိပ်ခံ(နိုင်ကျဉ်း) များထံမှ စုံစမ်းသိရှိရပါတယ် ဟု လုပ်ကြံဖန်တီး ရေးသားဖော်ပြထားပါတယ်။

အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသည့် သတင်းစာမျက်နှာများမှ အများပြည်သူ အသိမှား၊ အမြင်မှား ဖြစ်စေရန် လုပ်ကြံဖန်တီးရေးသားသည့် သတင်းများ မကြာခဏ ရေးသားဖော်ပြနေသည်ကို ပြည်သူများ သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment