မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်



MNP - စက်တင်ဘာ   ၁၄


၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ် ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ (၁၀) မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။


ရှေးဉီးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် အလားအလာရှိသော လူငယ် မျိုးဆက်သစ် အားကစားသမား ရှာဖွေလေ့ကျင့်ပေးပြီး အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အဖက်ဖက်မှ အထူးအလေးပေး ပံပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားမြှင့်တင်မည်ဆိုလျှင် လူငယ်တို့၏ စွမ်းအားသည် အဓိကကျသည့်အတွက် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓါတ်ရေးရာမြင့်မားမှု စတဲ့အချက်များအပေါ် မှီတည်နေခြင်းဖြစ်၍ လူငယ်၊ လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတွက် မွန်ပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားကာ (၁၀)မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


အဖွင့်ပွဲစဉ်တွင် ကျိုက်ထိုမြို့နယ် ဘောလုံးအသင်းနှင့် ရေးမြို့နယ် ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကြရာ ရေးမြိုနယ် အမျိုးသမီးဘောလုံးအသင်းကကျိုက်ထိုမြို့နယ်အမျိုးသမီးဘောလုံး အသင်းကို (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိကာ နေ့စဉ်အလိုက် အကောင်းဆုံး အားကစားသမားဆုရ ရေးမြို့နယ်အသင်းမှ အားကစားသမားအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကမှ ငွေသားဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)