Pages

Pages

သံတွဲမြို့နယ်အတွင်းရှိပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး







MNP ၊  စက်တင်ဘာ ၁၄

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကြီးကြပ်လျက်သံတွဲမြို့နယ်အတွင်းရှိ  ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်းကို စက်တင်ဘာ ၁၄ ရက်နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  ဝန်ထမ်းများ၊ သံတွဲတပ်နယ်မှမိသားစုဝင်များနှင့် ဆန်လုပ်ငန်းရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဆန်၊ စည်သွပ်ဗူးမျိုးစုံ၊ ဟင်းသီးဟင်းရွက်များနှင့် ဆပ်ပြာတောင့်များကို ပြည်သူများထံသို့ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဈေးရောင်းချနေမှုများကို  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment