Pages

Pages

ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ လှုံ့ဆော်ရေး မြေစိုက်ပိုစတာ များစီုက်ထူ




MNP ၊ စက်တင်ဘာ ၇

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟို အဆင့် ပြိုင်ပွဲ သို့ ပါဝင်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ် အတွင်း ရှိ ခရိုင်အသီးသီးမှ ရွေးချယ်စေလွှတ်သည့် ပြိုင်ပွဲဝင်များ အား  ပြည်နယ်အဆင့် ကိုယ်စားပြု ရွေးချယ်နိုင်ရန် ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာ ၁၂ရက်မှ ၁၆ရက်ထိ စစ်တွေမြို့ ဦးဥတ္တမခန်းမ တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။


ထိုသို့ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အား စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်(၁၀×၁၄)ပေ အရွယ်အစားရှိ  ပြိုင်ပွဲ လှုံ့ဆော်ရေးမြေစိုက်ပိုစတာများကို စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ၊ လောကနန္ဒာ စေတီတော်ရှေ့၊ လေယာဉ်ကွင်းလမ်းဆုံ၊ ဘီလူးမတံတားထိပ်နှင့် သင်္ဘောဆိပ်များတွင် 

ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ စီစဉ်မှုဖြင့် အများပြည်သူ သိရှိနိုင်ရန်စိုက်ထူထားပြီး ပြိုင်ပွဲ ကျင်းပမည့်နေ့ရက်အလိုက် အစီအစဉ်များကိုလည်း နေ့စဉ် အသံချဲ့စက်ဖြင့် အသိပေးကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။


July Mg

https://t.me/MyanmarNationalPost




No comments:

Post a Comment