MNP ၊ စက်တင်ဘာ ၁၅
ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့တွင် ကျင်းပသည့် (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခြေအနေ၊ နိုင်ငံအဆင့် အခွင့်ရစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ အစီအစဉ်ဆောင်ရွက်နေမှုနှင့် အကောက်ခွန်ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ဖြေလျှော့ပေးရန် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ကပ်ရောဂါအလွန် ဒေသတွင်း အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment