Pages

Pages

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၂၉၀ ကျော်ရှိ


MNP ၊ စက်တင်ဘာ ၁၆

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ် လာသန်း ၂၉၀ ကျော်ရှိပြီး မြန်မာဘက်မှ ပိုကုန်တန်ဖိုး ဒေါ်လာ ၁၃၇  သန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ၊ မေနှင့် ဇွန် သုံးလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၃၇ ဒသမ၃၂၂ သန်း၊ အိန္ဒိယ ဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၂ ဒသမ ၈၈၈ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၂၉၀ ဒသမ ၂၁၀ သန်း ရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လအတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၁၃ သန်း နီးပါးရှိပြီး မြန်မာဘက်မှ ပိုကုန်တန်ဖိုး ဒေါ် လာ ၅၀၅ သန်း နီးပါး တင်ပို့ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment