တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ   ၂၇


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အ‌ခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တကောင်းမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးဇော်လင်းနိုင် ဦးဆောင်ကာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်းကာ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ(အ.လ.က)ကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၅) နှစ်မှ(၁၂)နှစ်အထိ ပထမအကြိမ်ကာကွယ်ဆေးထို့နှံသည့်ကျောင်းသား/သူ (၁၆၇)ဦး၊ ဒုတိယ အကြိမ် ထိုးနှံသူ (၈)ဦး၊ အသက် (၁၂)နှစ်မှ (၁၇)နှစ်အထိ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/သူ (၁၀၆)ဦး၊ ဒုတိယအကြိမ်ထိုးနှံသူ (၇၆)ဦး၊  Booster ထိုးနှံသည့် ဆရာ၊ ဆရာမ(၆)ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ရာ ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာ ကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - သီရိအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)