Pages

Pages

နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ






MNP ၊ စက်တင်ဘာ  ၉

၂၀၂၂ ခုနှစ်၊စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ် စာအုပ်ပြပွဲ၊စာဖတ်ဝိုင်းနှင့်နံရံကပ်စာ စောင်ပြသခြင်းကို၊သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူလူငယ်များဖြင့်ယနေ့  နေ့လယ် ၁၂ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် ကစာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီးစာရေးဆရာမမေ့ကျော့ရှင်း၏ "ကလေးတို့ရေလာကြလာကြ" စာအုပ်(စတုတ္ထတွဲ)တွင်ပါရှိသည့် "သားကောင်မဖြစ်ရလေအောင်" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။၎င်းနောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော မချိုမာလင်း က အောင်မြင်သူနဲ့ ရှုံးနိမ့်သူခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်ပြည့်ဖြိုးအောင်က ဂါရဝနှင့် အဂါရဝ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလပြည့်ဝန်းက သန့်စင်သောပတ်ဝန်းကျင်ကိုဖန်တီးကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးကြရာလက် ထောက်ညွှန်ကြားရေးမှူးကခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။ထို့နောက်ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသောစာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။


စန္ဒာကြည်

https://t.me/MyanmarNationalPost


No comments:

Post a Comment