Pages

Pages

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

 



MNP - စက်တင်ဘာ   ၂၈


နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရန်အတွက် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ(၂၄)ရက် နံနက်ပိုင်းတွင် ဆန်၊ ဆီ၊ ဆားနှင့်ပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ထိုသို့လှူဒါန်းလျက်ရှိရာ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ပူတာအိုမြို့နယ် ဝင်းလုန်ကျေးရွာ ဟိုကျိုဘုန်းကြီးကျောင်းရှိ ရဟန်းသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။       


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment