Pages

Pages

မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ






MNP ၊  စက်တင်ဘာ   ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦး ဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက  ယနေ့ နံနက် ၉ နာရီအချိန်  လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်း သား၊ ကျောင်းသူများအား  နှာ ခေါင်းစည်း(Mask) များ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင် ဦးဆောင်၍  မြို့နယ်စီမံ အုပ် ချုပ် ရေး အဖွဲ့ဝင်များ ၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊ ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများ ၊ စည်ပင်သာယာ ရေး အဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီး သတ် တပ်ဖွဲ့ဝင်များ ၊ယာဉ်ထိန်းတပ်ဖွဲ့တင်များ ၊ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက မြို့မနာရီစင် ခွဆုံတွင် လမ်းသွားလမ်းလာ ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ အား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့်  ညွှန် ကြား ချက် များ သိရှိ လိုက်နာ ဆောင် ရွက်ရမည့် အချက်များအား လက်ကိုင်အသံချဲ့စက်ဖြင့် အသိ ပညာ ပေး နှိုးဆော်ကာ နှာခေါင်းစည်း Mask  (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြပြီး အသိပညာ ပေး လုပ်ငန်း များကိုလည်း အရှိန် အဟုန်မပြတ် ဆက်လက်လုပ် ဆောင် မည်ဖြစ် ကြောင်းသိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment