Pages

Pages

တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

 


MNP - စက်တင်ဘာ   ၁၉


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် မြစည်းခုံဘုရားကြီးဈေးတောင်ဘက် ဒေါ်မိုးမိုးဆီဆိုင်၌ ယနေ့နံနက် (၈) နာရီခွဲမှ စတင်၍စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ထူး၊ တောင်သာမြို့ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးစိုးမိုးထွန်း၊ တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းတို့မှကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။


ယင်းသို့ ရောင်းချရာတွင် စားအုန်းဆီ (၁) ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နောက်ရက်များတွင်လည်း ကျန်သည့်ရပ်ကွက်များသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ သိရသည်။      


သတင်း - ကျော်မျိုးနိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment