Pages

Pages

ကျိုင်းတုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့် ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့သွားရောက် ဖြေရှင်းနိုင် ကြောင်း မိဘပြည်သူများအားအသိပေး မြေစိုက်ပိုစတာစိုက်ထူ

 


MNP - စက်တင်ဘာ  ၂၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်း  ပုံစံ ၆၆/၆ နှင့် ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို စက်တင်ဘာ ယနေ့နံ နံနက်၈ နာရီက လူစည်ကားသည့် ကျိုင်းတုံ သစ်တစ်ပင်တောင်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။


မြေစိုက်ပိုစတာစိုက်ထူပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းကျော်သူနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း  ပုံစံ ၆၆/၆ နှင့်ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးမြေစိုက်ပိုစတာကို  စုပေါင်းစိုက်ထူကြသည်။


အဆိုပါမြေစိုက်ပိုစတာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများနှင့် ပတ်သက်သည့် အချက်အလက်များအား နီးစပ်ရာ မြို့နယ်လဝကရုံးများတွင် သွားရောက်ဖြေရှင်းနိုင်ကြောင်းနှင့် သတ်မှတ်ကာလကျော်လွန်ပါက ဉပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment