တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၉


တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်ကြသည်။


ရှေ့ဦးစွာအခမ်းအနားအား ပကာရီကျေးရွာအုပ်စု၊ ရမ္မဇူအခြေခံပညာ ကျောင်းသား/သူများက  “ဝထကလသ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်အမှာစကားပြောကြားရာ ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့မှ စတင်ပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့တာ ယခုနှစ်ဆိုလျှင် (၅၇) နှစ်မြောက်တိုင်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံဟာ ရှေးယခင်ကတည်းက ဘုန်းတော်ကြီးကျောင်းများက ဘာသာစာပေ၊ ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှု အဆင့်ဟာ (၈၅%) အထိ မြှင့်မားခဲ့ပြီး ကိုလိုနီပညာရေးစနစ်ကြောင့် မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုဟာလည်း ယုတ်လျော့ကျဆင်းသွားခဲ့ရမှ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းဟာ(၃၅%)သာ ရှိခဲ့ရပါကြောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် ကာလအတွင်း စာတတ်မြောက်ရေးကြိုးပမ်းမှုကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကြိုးစားလာခဲ့ရာမှ (၂၄) နှစ်အတွင်းမှာ အသက်(၁၅)နှစ်အထက် နှစ်သိန်းလေးသောင်းကျော် စာတတ်မြောက်ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံစာတတ်မြောက်ရေးလုပ်ငန်း တိုးတက်အောင်မြင်မှုအတွက် ၁၉၇၁ ခုနှစ်မှာ “ မိုဟာမက်ရီဇာပါလာဗီ ” ဆု၊ ၁၉၈၃ ခုနှစ်မှာ “ နိုမာ” ဆုတွေကို UNIESCO အဖွဲ့ချုပ်ကြီးက ချီးမြှင့်ခံခဲ့ရပြီး ၁၉၈၃ ခုနှစ်မှာတော့မြန်မာနိုင်ငံ စာတတ်မြောက်မှုနှုန်းဟာ (၇၈%) အထိ တိုးတက်လာခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်မှ မေလ (၁၅) ရက်နေ့အထိ စာတတ်မြောက်ရေးလုပ်ငန်းအနေနဲ့ ကော့သောင်းမြို့နယ်နဲ့ ခမောက်ကြီးမြို့နယ်ခွဲ မှ စာသင်ဝိုင်း (၁၀၉)ဝိုင်း၊ စာသင်သား (၁၀၉၀) ဦးကို မြိတ်တက္ကသိုလ်မှ လုပ်အားပေး ဆရာ၊ ဆရာမ (၁၀၉)ဦး၊ ဒေသခံ ဆရာ၊ ဆရာမ(၁၀၉)ဦး၊ စုစုပေါင်း (၂၁၈)ဦး နဲ့ သင်ကြား နိုင်ခဲ့ပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်မှာလည်း စာသင်ဝိုင်း (၂၁)ဝိုင်း၊ စာသင်သား (၉၅၀)ဦး ကို ထားဝယ်တက္ကသိုလ်မှ လုပ်အားပေးဆရာ၊ ဆရာမ (၂၁)ဦး၊ ဒေသခံ ဆရာ၊ ဆရာမ (၂၁)ဦး၊ စုစုပေါင်း (၄၂) ဦးနဲ့ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ အလားတူ စာဖတ်ရှိန်မြှင့်တင်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့စံ (၅)ချက်နဲ့ ကိုက်ညီတဲ့ စာကြည့်တိုက်များ၊ ရပ်ရွာပညာပဒေသာဌာနများကို တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး သက်ငယ်စာတတ်မြောက်မှု တိုးတက်လာရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေစေပြီး ကျောင်းနေ အရွယ်လွန် ကလေးများအား ကျောင်းပြင်ပပညာရေးလုပ်ငန်းအစီအစဉ်ဖြင့် အခြေခံပညာသင်ယူပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ သက်ကြီးစာတတ်မြောက်မှုနှုန်း မြင့်မားလာစေရေးအတွက် မြို့နယ်အလိုက် သက်ကြီးစာတတ်မြောက်ရေးကို ဆက်လက်ကြိုးပမ်းကာ စာဖတ်ရှိန်မြှင့်တင်ရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ဘဝသာယာရေး၊ စဉ်ဆက်ပညာရေး အစီအစဉ် အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများက မိဘပြည်သူများနှင့်အတူ အမျိုးသားရေးအသိ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး လူတိုင်း စာတတ်မြောက်ရေးမှ လူတိုင်းအတွက်ပညာရေးသို့ ဝိုင်းဝန်းအကောင်အထည်ဖော် ကြိုးစားပေးကြစေလို ကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးညာရေးဌာန၊ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ၂၀၂၂ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပေးပို့သော ယူနစ်စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားကာ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက အခမ်းအနားတွင် သီဆိုဖျော်ဖြေကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြ၍ ၂၀၂၂ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု (Video Clip) များပြသကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)