Pages

Pages

အမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ




   

MNP ၊ စတ်တင်ဘာ  ၂၇

ရခိုင်ပြည်နယ်  အမ်းခရိုင် အမ်းမြို့နယ်၌ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသ WASH: DRR ခံနိုင်ရည်ရှိရေး ပူးပေါင်းအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးသင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉ နာရီအချိန်ကအောက်ရွာအုပ်စု ဆင်ထိုးကျေးရွာအနီး မြို့နယ်မီးသတ်စခန်း ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုး မင်းထက် နှင့်ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်သန်းဌေး နှင့်တပ်ဖွဲ့ဝင်များ၊ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသ WASH: DRR ခံနိုင်ရည်ရှိရေးပူးပေါင်းအဖွဲ့စီမံချက် အရာရှိ ဒေါ်မေဇင်ဦးနှင့်အဖွဲ့ဝင်များသင် တန်းသူသင်တန်းသားများတက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ကျေးရွာများ၌ ဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန် သဘာဝဘေးကျရောက်ပါက ကျေးရွာလူထုနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သော နည်းပညာများကို ရပ်ရွာလူထု ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များအား ပြန်လည်ဝေမျှပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာ (၈) မှ သင်တန်းသားသင်တန်းသူ (၃၂) ဦးအားမီးသတ် တပ်ဖွဲ့ဒုတိယဦးမှူး ရှိန်းမင်းသူ ဦးဆောင်သောတပ် ဖွဲ့(၃) ဦးတို့က စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment