MNP ၊ စက်တင်ဘာ ၅
ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု အမှတ်၊ ၁၀/၂၀၂၀ (မန္တလေး)ကို ကြားဖြတ်အမိန့် ချမှတ်ပြီး၊ ရာဇဝတ် အထူးအယူခံမှုအမှတ် ၇/၂၀၂၂ (ရှမ်း)နှင့် တရားမ အထူးအယူခံမှု အမှတ် ၂၈/၂၀၂၁(ရန်ကုန်)၊ ၃၀/၂၀၂၁ (မကွေး)၊ ၃၂/၂၀၂၁ (မန္တလေး)၊ ၂၀/၂၀၂၂(ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၁)မှု နှင့် တရားမ အထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက် ချမှတ်သည်။
ထို့ပြင် ရာဇဝတ် အထူးအယူခံမှု အမှတ် ၂/၂၀၂၂ (မန္တလေး)နှင့် တရားမအထူး အယူခံမှုအမှတ် ၂၁/၂၀၂၁ (ရှမ်း)၊ ၂၂/၂၀၂၁ (ရှမ်း)၊ ၂၃/၂၀၂၁(ရှမ်း)၊ ၂၄/၂၀၂၁(ရှမ်း)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု(၁)နှင့် တရားမ အထူးအယူခံမှု(၄)မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment