Pages

Pages

ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂါရဝပြုပူဇော်ကန်တော့








MNP ၊ စက်တင်ဘာ ၉

(၈၃)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော်၏ရုပ်ထုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများက ယနေ့နံနက် ၈ နာရီတွင် ဂါရဝပြု၊ လွမ်းသူပန်းခွေချကန်တော့ကြသည်။

ထို့အတူ ဆရာတော်ဦးဥတ္တမကို လွမ်းဆွတ်သတိရသည့် အနေဖြင့် မိဘ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားညီအစ်ကိုများမှလည်း ပန်းစည်း၊ ပန်းခွေ များဖြင့် လာရောက်ဂါရဝပြုလျက်ရှိသည်။ 

(၈၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မိဘပြည်သူများက ပန်းစည်း၊ ပန်းခွေများဖြင့် ပူဇော် ကန်တော့လျက်ရှိ ကြကြောင်းသိရသည်။ 

အလားတူ ယနေ့နေ့လယ်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်း၌ (၈၃)နှစ်မြောက် မြန်မာ့လွတ်လပ် ရေးမီးရှူးတန်ဆောင် အာရှနေဝန်း ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် “ဇာတိပုညဂုဏ်မာန” ရခိုင် လူငယ်များစာပီအနုပညာစွမ်းရည်မြှင့်ပြိုင်ပွဲကြီးတွင် ဆုအသီးသီးရရှိကြသောကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment