Pages

Pages

ထားဝယ်မြို့၌ စားအုန်းဆီတစ်ပိဿာလျှင် ၅၆၀၀ ကျပ်ဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ  ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ဆန်းချီရပ်ကွက်ဈေးနှင့် ထားဝယ်မြို့ရှိ သရက်ချောင်းကားဂတ်အနီးတို့တွင် ယနေ့နံနက်ပိုင်းက  အခြေခံစားသုံးကုန်ဖြစ်သည့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၆၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။


အဆိုပါ အခြေခံစားသုံးဆီများကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာပြီး လွယ်ကူချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ တစ်ပိဿာလျှင် ၅၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး၍ တန်းစီစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ရာ နောက်ရက်တွေမှာလည်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။


သတင်း - နိုင်ဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment