ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

 



MNP - စက်တင်ဘာ  ၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အရေးများကို သိရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက တောင်နန်ချွန်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ရေတာရှည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစားအသောက်များနှင့် ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်သော သီးနှံအန္တရာယ်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစားအစာများစားသုံးရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်သဲစုလွင်က စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများအစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်ညွှန်းအမှတ်အသားမပါဝင်သော အစားအစာများ၊ ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူနစ်နာမှုမရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)