Pages

Pages

ကျိုင်းတုံမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေး

 



MNP - စက်တင်ဘာ   ၁၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။


ထိုသို့ပြည်သူများနှင့် ဌာနဆိုင်ဝန်ထမ်းများ စားသောက်ရေး အထောက်အကူ ဖြစ်စေရေးအတွက် ရောင်းချပေးရာတွင် နယ်မြေခံ တပ်မတော်သားများက တန်ဖိုးသင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဗူများ၊ စားသောက်ကုန်ပစ္စည်းများနှင့် တပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံမွေးမြူရေး လုပ်ငန်းမှထွက်ရှိသော ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ စသည့် စားသောက်ကုန် အမျိုးမျိုးကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment