Pages

Pages

ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ   ၂၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်  အတွင်းရှိ ဆင်တဲကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ပန်းတောင်း မြို့နယ် ဆင်တဲကျေးရွာ တောင်ပိုင်းရပ်ကွက် စည်ပင်သာယာဈေးရှေ့ ၌ ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် နေရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး ၆လနှင့် အထက်ရှိသူ  ပြည်သူများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိ ကြောင်းနှင့် ပြည်သူများအား နေ့စဉ် ဆေးထိုးစုရပ်အလိုက် ထိုးနှံပေး မည်ဖြစ်ကြောင်းသိရသည်။   


သတင်း - သင်းသင်း အေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment