Pages

Pages

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံမည်

 


MNP - စက်တင်ဘာ   ၂၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနတွင် အသက်၂ နှစ်အောက် ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက် ကျွေးခြင်းလုပ်ငန်းများကို စက်တင်ဘာလ ၂၈ ရက်‌နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ပုံမှန် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို  မွေးစမှ   အသက်နှစ်နှစ်အထိ ကလေးငယ်များနှင့်  ကိုယ်ဝန်‌ဆောင်မိခင်များတို့အား  ဘီစီဂျီ ဆုံဆို့၊  ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်( ငါးမျိုးစပ် ကာကွယ် ဆေး)၊ ပြင်းထန်အဆုတ်ရောင် ( ပီစီဗွီ )၊   ပြင်းထန်  ဝမ်းပျက်ဝမ်းလျှောရောဂါ၊  ဝက်သက်၊  ဂျိုက်သိုးရောဂါကာကွယ်ဆေး   ထိုးနှံပေးခြင်းနှင့်  ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်(၂၈ရက်နှင့်၂၉ရက်နေ့) တွင် ပုံမှန်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက် နိုင်စိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်နှစ်နှစ်အာက်  ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment