Pages

Pages

နတ်မောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဈေးရပ်ကွက်၊ မြို့မဈေးအနီးတွင် ပြုလုပ်ခဲ့သည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ  ဆန်(၁)ပြည် ၁၂၅၀ ကျပ်၊ ဆီ(၅၀)ကျပ်သား ၂၇၀၀ ကျပ်၊ ကြက်ဥ(၅)လုံး ၉၀၀ ကျပ်၊ ကြက်သား(၁) ပိဿာ ၇၂၀၀ ကျပ်၊ အမဲသား(၁)ပိဿာ ၁၀၀၀၀ ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment