MNP ၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ လမ်းအထူးအဖွဲ့(၁၆)မှ တာဝန်ယူဆောင်ရွက်နေသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ(ငွေလုံး)(၃၆၀)သန်းဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မင်းဘူး - အမ်း - စစ်တွေလမ်း အပိုင်း ၁၅၇.၂၅ ကီလိုမှ ၁၅၈.၃ ကီလိုထိ ၅.၅ ကီလို အရှည်၊ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် တာဝန်ရှိသူများက အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက သိရှိလိုသည်များ လိုက်လံရှင်း လင်းပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့မိ မြို့ဖများမှ တာဝန်ယူဆောင်ရွက်နေသည့် ရှုခင်းသာဗျူးပွိုင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားသွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကိုပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment