Pages

Pages

မောတောင်မြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်အနီး ဒေသထွက် သီးနှံရုပ်လုံးများ အမှတ်တရသင်္ကေတ အဖြစ်ထားရှိ

 




MNP - စက်တင်ဘာ  ၃၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် (ထိုင်း+မြန်မာ)နယ်စပ်မြို့ မောတောင်မြို့အဝင် မောတောင်မြို့မှလှိုက်လှဲစွာကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး တစ်ဘက်တစ်ချက်စီတွင်  မြို့သာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ဒေသထွက် အဓိကသီးနှံနှစ်မျိုးဖြစ်သည့် ငှက်ပျောသီးနှင့် သင်္ဘောသီး ရုပ်လုံးပုံသဏ္ဍာန်များကို မောတောင်မြို့အမှတ်တရ သင်္ကေတအမှတ်အသားအဖြစ် ယမန်နေ့နေ့လယ်ပိုင်းက စတင်ထားရှိကြောင်း မောတောင်မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံက သိရသည်။


၎င်းအမှတ်တရ သီးနှံရုပ်လုံးများကို မောတောင်မြို့နေ ဦးနောင်အော်၊ ဒေါ်စန်းထွေးတို့ မိသားစုက ပြုလုပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment