MNP ၊ စက်တင်ဘာ ၁၂
ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(သံတွဲရုံးခွဲ)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုံ)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ငပလီမြို့ Diamond Ngapali Hotel ၌ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် သံတွဲခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာဟိုတယ် လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုံ) ဒုတိယဥက္ကဌ ဦးဆန်းမြင့်က သင်တန်း ဆိုင်ရာများနှင့် ငပလီကမ်းခြေသာယာလှပရေးလုပ်ငန်းဆောင်ရွက်မှုများ ကိုရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့ YGE Co;ltd မှ ဒါရိုက်တာ ဦးအောင်ဇော်ဇော်ဝင်းက နှုတ်ခွန်းဆက်အမှာစကားနှင့် သင်တန်းပို့ချမှုဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ဧည့်ကြိုလုပ်ငန်း၊ အိပ်ခန်းဆောင်သန့်ရှင်းရေးလုပ်ငန်း နှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများကို Diamond Ngapali Hotel ၊ P V R Hotel တို့တွင် YGE Co, ltd မှ ဒါရိုက်တာ ဦးအောင်ဇော်ဇော်ဝင်း ဦးဆောင်သည့် သင်တန်းနည်းပြ ၃ ဦးက စက်တင်ဘာ ၁၂ ရက်မှ ၂၆ ရက်နေ့အထိ(၁၅)ရက်ကြာသင်ကြားပို့ချသွားမှာဖြစ်ကာ သင်တန်းသို့ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာတို့မှ ဝန်ထမ်း(၈၀)ဦး တက်ရောက် သင်ယူသွားမှာဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(သံတွဲရုံးခွဲ)မှ သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment