Pages

Pages

မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက်အလိုက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စိစစ်ခြင်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ  ၂၉


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မဟာမြိုင် (၁) ရပ်ကွက်နှင့် ရတနာဘုမ္မိအရှေ့ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အလိုက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဆွေလွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှုးများပူးပေါင်း၍ မြေပြင်ကွင်းဆင်းစိစစ်ကြည့်ရှုပြီး လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment